
EF725 FD - Four Wheels Tractor
EF725 FD - လေးဘီးထွန်စက်
4 Wheels Tractor
Yanmar
အဓိကအင်္ဂါရပ်များ

လယ်ကွင်းထဲမှာပဲဖြစ်ဖြစ် ခက်ခဲကြမ်းတမ်းသော မြေအမျိုးအစားမှာပဲဖြစ်ဖြစ် နေရာဒေသ မရွေးအသုံးပြုနိုင်ေသော မြင်းကောင် ရေ (၇၂) ကောင်အားရှိသည့်ဒီဇယ်အင်ဂျင်ကိုသာ အသုံးပြုလိုက်ပါလွယ်ကူလျင်မြန်စွာ ထွန်ယက်စိုက်ပျိုးနို င်လို့လူကြီးမင်းတို့ ဝင်ငွေ ပိုတိုးစေနိုင်ပါသည်။အကြမ်းခံသော ထရန်စမစ်ရှင်း ကို အသုံးပြုထားသောကြောင့် လုပ်ငန်းပြီးမြောက်မှု ပိုမိုတွင်ကျယ်ပြီး၊ စွမ်းဆောင်ရည်အပြည့်အဝဖြင့် ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်နည်း ပါးစွာအသုံးပြုနိုင်ပါသည်။

အမြင့်မားဆုံး စွမ်းဆောင်ရည်၊ သက်သာသော ဆီစားနှုန်း နှင့် အစွမ်းထက်ဆုံးသော အင်ဂျင် ဖြစ်ပါသည်။ စစ်မှန်သော နည်းပညာဖြင့် တီထွင်ဖန်တီးထားသော လုပ်ငန်းခွင်ပေါင်းများစွာတွင် အသုံးပြုနိုင်သော Yanmar 72 PS အင်ဂျင် ၊အင်ဂျင်လည်ပတ်အရေအတွက်အနှေးဆုံးမှာပင်ရုန်းအား အရမ်းကောင်းမွန်သည်ဟု ထိတွေ့ခံစားရနိုင်မည့် အမြင့်ဆုံးစွမ်းအင်တွေကို ထုတ်လွှတ်နိုင်သော အင်ဂျင် ဖြစ်သည်။

ရှေ့ဘီး ဝင်ရိုးအား ၅၅ ဒီဂရီအထိ တိမ်းစောင်းနိုင်ရေး အထူး ပြုလုပ်ထားသည့်အတွက် အကွေ့အဝိုက်တိုတောင်းစွာဖြင့် မောင်းနှင် နိုင်ပြီး ရွှံ့ဗွက်များပေကျံ ခဲ့လျင်လည်း ဖယ်ရှားရန် မလိုဘဲဆက်ကက်မောင်းနှင် နိုင်သည့်အတွက် အချိန်ကုန်သက်သာစေမှာ ဖြစ်ပါသည်။

ဟိုက်ဒရောလစ် သိုလှောင်နိုင်မှု မြင့်မားသော ဆလင်ဒါ တပ်ဆင်ထားသည့်အတွက် ပါဝါစတီယာရင်သည် အချိုးအကွေ့များတွင် ညင်သာစွာချိုးကွေ့နိုင်သည့်အတွက်အလုပ်ပိုမို တွင်ကျယ်စွာ လုပ်နိုင်စွမ်းအားရှိသည်။ စက်မောင်းနေစဉ် အချိန်အတွင်း စက်မောင်းသူကိုင်ထားသော လက်မှ စတီယာရင် တုန်ခါမှုအား လျော့ချ ပေးထားသည့်အတွက်သက်တောင့်သက်သာ ဖြစ်စေသည်။

ဒီဇိုင်း အသစ်ဖြင့် ကြာရှည် အသုံးပြုနိုင် သော ထရန်စမစ်ရှင်းတပ်ဆင်ထားသည်။ ရှေ့ဂီယာ ၈ ချက် နောက် ဂီယာ ၈ ချက် အသုံးပြုနိုင်သော ထရန်စမစ်ရှင်း၏ အသွင် ပြင်နှင့် စွမ်းဆောင်ရည်တို့သည် လယ်ကွင်းနှင့် ကောက်ပဲသီးနှံကွင်းစသည် တို့တွင် Yanmar အင်ဂျင်နှင့်တွဲဖက်ပြီး ကောင်းသည် ထက်ကောင်းအောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။