
Yanmar TF 120 - Diesel Engine
Yanmar TF 120 - ဒီဇယ်အင်ဂျင်
Diesel Engine
Yanmar
အဓိကအင်္ဂါရပ်များ

GT-! လက်တွန်းထွန်စက်သည် ဒီဇိုင်းအသစ်Yanmar TF120 အင်ဂျင်ဖြင့် တွဲဖက်အသုံးပြုထားပြီး အမြင့်ဆုံးမြင်းကောင်ရေ ၁၅ ကောင်ထိ တွဲဖက်အသုံးပြုနိုင်ပါသည်။ထို့အပြင် သက်တောင့်သက်သာ မောင်းနှင်နိုင်ခြင်း၊ စွမ်းအားပြည့်ထုတ်ပေးနိုင်ခြင်း တို့ကြောင့် ဆီစားနှုန်းသက်သက်သာစွာဖြင့် မောင်းနှင်နှိုင်မှာဖြစ်ပါသည်။

Yanmar ၏ တိုက်ရိုက်ဆီဖြန်းသည့်စနှစ်သည် စက်၏ဆီစားမှုနှုန်းကို အထူလျှော့ချပေးသည့်အတွက် ဆီစားနှုန်းသက်သာစွာ ဖြင့်မောင်းနှင်နှိုင်မှာဖြစ် ပါသည်။

Yanmar ၏ ပြိုင်ဘက်ကင်းသော ဟန်ချက်ထိန်းတန်းနှစ်ခုသည် စက်၏ အရှိန် နှင့် အသံများကို လျော့ချခြင်းဖြင့် အသံကျယ်လောင်မှု ကို ဖယ်ရှားပေးနိုင်ပါသည်။ ဟန်ချက်မညီမျှမှုများကိုလည်း အတွင်းပိုင်းတွင် ထိန်းညှိပေးထားသောကြောင့် စက်တုန်ခါမှုကို လျော့နည်းစေပါသည်။ ထိုအပြင် အရွယ်အစားကြီးမားသော အသံထိန်း အိတ်ဇောပါသောကြောင့် အသံ ဆူညံခြင်းအား လျေ့ာကျစေပါသည်။

ဆီစစ်အောက်ခြေတွင် ရေပါ၀င်လာမှု ပမာဏကို လွယ်ကူစွာ စစ်ဆေးနိုင်ပါသည်။ ဆီစစ်တွင် အလိုလျောက် လေရှူစနစ် ပါရှိ သောကြောင့် မည်သည့် ကိရိယာမှ အသုံးမပြုပဲ လွယ်ကူစွာ လုပ်ဆောင်နိုင်ပါသည်။

အင်ဂျင်ဝိုင်၏ ဖိအား အတိုင်းတာအား အရောင်ကို ကြည့်ခြင်းအားဖြင့် လွယ်ကူစွာ စစ်ဆေးနိုင်ပါသည်။ အပြာရောင် – ပုံမှန်အခြေအနေ / အနီရောင်- ပုံမှန် မဟုတ်သော အခြေအနေ

မည်သည့်ကိရိယာမှ အသုံးမလိုပဲ ပူလီကြိုးကို လွယ်ကူစွာ ချိန်ညှိနိုင်ပါသည်။

မည်မျှသေးငယ်သော ဖုန်မှုန့်များကိုမဆို လွတ်ထွတ်မသွားအောင် ဆီသုံး၍ စစ်ထုတ်နိုင်သောကြောင့် သန့်စင်သောလေကို အင်ဂျင်အတွက် ပေးစွမ်းနိုင်ပါသည်။