
Yanmar 514 - 4 Wheels Tractor
Yanmar 514 - လေးဘီးထွန်စက်
4 Wheels Tractor
Yanmar
အဓိကအင်္ဂါရပ်များ

လယ်ကွင်းထဲမှာပဲဖြစ်ဖြစ် ခက်ခဲကြမ်းတမ်းသော မြေအမျိုးအစားမှာပဲဖြစ်ဖြစ် နေရာဒေသ မရွေးအသုံးပြုနိုင်ေသော မြင်းကောင် ရေ (၅၁) ကောင်အားရှိသည့်ဒီဇယ်အင်ဂျင်ကိုသာ အသုံးပြုလိုက်ပါလွယ်ကူလျင်မြန်စွာ ထွန်ယက်စိုက်ပျိုးနို င်လို့လူကြီးမင်းတို့ ဝင်ငွေ ပိုတိုးစေနိုင်ပါသည်။အကြမ်းခံသော ထရန်စမစ်ရှင်း ကို အသုံးပြုထားသောကြောင့် လုပ်ငန်းပြီးမြောက်မှု ပိုမိုတွင်ကျယ်ပြီး၊ စွမ်းဆောင်ရည်အပြည့်အဝဖြင့် ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်နည်းပါး စွာအသုံးပြုနိုင်ပါသည်။

ဆီစားသက်သာပြီး၊လူကြီးမင်းတို့၏ လိုအပ်ချက်ကို စွမ်းအင်အပြည့်ဖြင့် ဖြည့်ဆည်းပေးနိုင်သော ဆလင်ဒါတစ်လုံးတွင် ဗားလေးဗားနှင့် ဆလင်ဒါထုထည်စုစုပေါင်း ၃.၃ လီတာ နှင့် မြင်းကောင် ရေ ၅၁ကောင်စွမ်းအား ရှိပြီးသဘာဝလေဝင်မှု စနစ်ကိုအသုံးပြုထားခြင်း၊ မည်သည့်လည်ပတ်ရည်ဖြ င့်မဆိုမြင့်မားသောစွမ်းအင်ထုတ်လွှတ်အားအပြည့် ရှိသည်။ အင်ဂျင်လည်ပတ်အရေအတွက်အနှေးဆုံးမှာပင်ရုန်းအား အရမ်းကောင်းမွန်သည်ဟု ထိတွေ့ခံစားရနိုင်မည့် အမြင့်ဆုံးစွမ်းအင်တွေကို ထုတ်လွှတ်နိုင်သော အင်ဂျင် ။

အကွေ့အကောက်များတွင် ရှေ့ဘီးအား ၁၀ ဒီဂရီ တိမ်းစောင်းကာ ဝင်ရိုးအား ၅၅ ဒီဂရီထိ ကွေ့ဝိုက်ကာ မောင်းနှင်နိုင်ပြီး ဘီးတိမ်းချော်မှုမဖြစ်စေရန် ပြုလုပ်ထားသောကြောင့် လယ်ယာမြေများတွင် အကွေ့အဝိုက်တိုကာ အချိန်ကုန်သက်သာစေမှာ ဖြစ်ပါသည်။

ဟိုက်ဒရောလစ်ပါဝါ စတီယာရင် စနစ်အားအသုံးပြုထားသောကြောင့် ပေါ့ပါးစေပါသည်၊ အထူးသဖြင့်ကျောက်ဆောင်များ ခက်ခဲကြမ်းတမ်းသော မြေပြင်များတွင် ရှေ့ဂေါ်တပ်ကာ အသုံးပြုပါက လွယ်ကူစွာကွေ့နိုင် ဝိုက်နိုင်ပြီးအလုပ်ပိုမိုတွင်ကျယ် စေပါသည်။

ဒီဇိုင်း အသစ်ဖြင့် ကြာရှည် အသုံးပြုနိုင် သော ထရန်စမစ်ရှင်းတပ်ဆင်ထားသည်။ ရှေ့ဂီယာ ၉ ချက် နောက် ဂီယာ ၉ ချက် အသုံးပြုနိုင်သော ထရန်စမစ်ရှင်း၏ အသွင် ပြင်နှင့် စွမ်းဆောင်ရည်တို့သည် လယ်ကွင်းနှင့် ကောက်ပဲသီးနှံကွင်းစသည် တို့တွင် Yanmar အင်ဂျင်နှင့်တွဲဖက်ပြီး ကောင်းသည် ထက်ကောင်းအောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။

စက်ဖုံးကလစ်တချက် ဆွဲကာဖွင့်ရုံဖြင့် နေ့စဉ်သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းမှုတို့ကို လွယ်ကူစွာပြုလုပ်နိုင်သည့်အတွက် စက်သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။
အမျိုးအစား | Yanmar EF514T ထွန်စက် | |
---|---|---|
အင်ဂျင်အချက်အလက် | ကုမ္ပဏီအမှတ်အသား | Yanmar |
မော်ဒယ် | 4TNV98 | |
အမျိုးအစား | လေးလုံးထိုး ရေအေး၊ တိုက်ရိုက်ဆီဖျန်းစနစ်၊ ရေအေးအင်ဂျင် | |
ဆလင်ဒါ အရေအတွက် | 4 | |
ဆလင်ဒါ အချင်း x အမြင့် [mm] | 98x90 | |
ဆလင်ဒါ ထုထည် [L] | 2.19 | |
မြင်းကောင်ရေ [ps/rpm] | 51/2800 | |
ဆီလှောင်ကန် အရွယ်အစား [L] | 40 | |
အတိုင်းအတာများ | စက်အလျား [mm] | 3230 |
စက်အနံ [mm] | 1605 | |
စက်အမြင့် [mm] | 2355 | |
ဘီးအကွာအဝေး [mm] | 1830 | |
မြေပြင်ကင်းလွတ် အမြင့် [mm] | 375 | |
ဘီးအကွာအဝေး ရှေ့-နောက် အနိမ့်ဆုံး [mm] | 1305-1553 | |
ဘီးအကွာအဝေး ရှေ့-နောက် အများဆုံး [mm] | 1270-1344 | |
စက်အလေးချိန် [kg] | 1540 | |
မောင်းနှင်မှုစနစ် | တာယာ ရှေ့အရွယ်အစား [inch] | 8-18 |
တာယာ နောက်အရွယ်အစား [inch] | 13.6-26 | |
ကလပ် | အခြေခြောက်အမျိုးအစား၊ တစ်ထပ်တည်း | |
ဘရိတ် | ဆီစိမ်ဘရိတ်အမျိုးအစား ဘရိတ်ပေဒယ် | |
စတီယာရင် | ပါဝါစတီယာရင် (Hydrostatic) | |
ပင်မဂီယာ | Constant mesh | |
နောက်ဂီယာ ရှေ့သို့ | Constant mesh | |
ရှေ့သို့ အမြန်အနှုန်း | တစ်ရှေ့သို့ကြီးမားသော ရှေ့သို့လမ်း ကြီးမားသော ရှေ့သို့လမ်း | |
အမြန်နှုန်း ရှေ့သို့ [km/hr] | 1.6-28.8 | |
အမြန်နှုန်း နောက်သို့ [km/hr] | 1.7-29.7 | |
ဟိုက်ဒရောလစ်စနစ် ထိန်းချုပ်မှုစနစ် | position Control | |
ဟိုက်ဒရောလစ်စနစ် | တာယာ ရှေ့အရွယ်အစား ထိန်းချုပ်မှုစနစ် | Category 1 |
အနိမ့်ဆုံးချိတ်ဆက်တံ အဆုံး မှ [kN (kgf)] | 13.2(1350) | |
နောက် ၂၄ လက်မနေရာတွင်မတင်နိုင်စွမ်း [kN (kgf)] | 11.0(1120) | |
ဆီစိမ်ဘရိတ်အမျိုးအစားအရွယ်အစား | SAE 1-3/8,6-splines | |
PTO | ရှေ့သို့ အမြန်နှုန်း ၁ [speed/rp] | 568/2800 |
ရှေ့သို့ အမြန်နှုန်း ၂ [speed/rp] | 769/2800 |