
YM358R - Four Wheels Tractor
YM358R - လေးဘီးထွန်စက်
4 Wheels Tractor
Yanmar
အဓိကအင်္ဂါရပ်များ

ကမ္ဘာပထမဦးဆုံး ဒီဇယ်အင်ဂျင်အသေး ကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခဲ့သည့် ယန်းမာ ၏ ကောင်းမွန်သော ဆီပို့မှုစနစ် နှင့် ပေါင်းစပ်ပေါက်ကွဲ စေသောနည်းပညာ တို့ကြောင့်စွမ်းအားပြည့်ထုတ်လုပ်နိုင်ခြင်းနှင့်အတူ လူသိများလာခဲ့သည် ။ ထွန်ထယ် မောင်းနှင်သည့်တိုင် ယန်းမာထွန်စက်၏ကောင်းမွန်သက်သာသောဆီစားနှုန်း နှင့် ထူးကဲသောရေရှည်အသုံးခံ မှုတို့ကို ရရှိမှာဖြစ်ပါသည် ။ ယန်းမာ၏ အကောင်းဆုံးသောစွမ်းအား နှင့်ရေရှည်အသုံးခံနိုင်သော YM357A's ။

ဆန်းသစ်တီထွင်လိုက်သော ဒီဇိုင်းဆိုသည်မှာ စိုစွတ်သောမြေပြင်တွင် အရှိန်မြှင့်မောင်းနှင်သည့်တိုင် မြေကြီးများ စက်၏အတွင်းသို့ ဝင်ရောက်၍ စက်၏စွမ်းအားဆုံးရှံးမှု မရှိစေဘဲ ရှည်လျားသောနောက်အဖုံးကြောင့် လှပသောမြေပြင်ထယ်ရေးကို ရရှိစေမှာဖြစ်ပါတယ်။

ထယ်ရေးအနက် ထိန်းညှိစနစ်သည် ထယ်ရေးအနက်ဆူး လွန်လာသည့် အချိန်များတွင် စက်အား ဝန်ပိုမှုမရှိစေဘဲ အလိုအလျောက် ထိန်းညှိပေးသော စနစ်ဖြစ်ပါသည်။ ဝန်ပိုရုန်းဆွဲ နေရသောကြောင့် ကြန့်ကြာနိုင်သည့်အချိန်များကို လျှော့ချပေးနိုင်သလို ထယ်ရေးအနက် ထိန်းညှိစနစ်ကြောင့် လုပ်ငန်းခွင်ကို လျင်မြန်စွာ ပြီးမြောက်နိုင်ပါသည်။

အပြည့်အ၀ အရှိန်နှုန်းတူညီစွာ လည်ပတ်စေသည့် ဂီယာပြောင်းစနစ်ကြောင့် သင်မောင်းနှင်နေသည့် အချိန်မှာ ဂီယာပြောင်းသည့်တိုင် ဆူညံမှုနှင့် ခက်ခဲမှု မရှိပါ။

ကြီးမားသော ဒီဂျစ်တယ်ကိန်း
မီတာပေါ်တွင်ကိန်းဂဏန်းများ အလွယ်တကူ ဖတ်ရှုနိုင်ခြင်းကြောင့် တနေ့တာ အလုပ်လုပ်ဆောင်ချိန်အတွင်း ထပ်မံ ဖြည့်တင်းရန်မလိုပါ။

လင်းအားမြင့် ရှေ့မီး
နေ့အချိန်သည် အချိန်မရွေး အလုပ်လုပ်ဆောင်နိုင်သောကြောင့် တနေ့တာ အလုပ်လုပ်ဆောင်ချိန်အတွင်း ထပ်မံ ဖြည့်တင်းရန်မလိုပါ။

ဂီယာ အားသွင်းခလုတ်
လက်ကိုင်ပင်နှင့် အခြေအရာများကို အလွယ်တကူ ထိန်းချုပ်နိုင်ပါသည်။

အောက်ခံ ပစ္စည်းခွက်
အသေးအဖွဲ့ပစ္စည်းများ ထည့်သွင်းထားနိုင်သည့် နေရာများ ထည့်သွင်းပေးထားပါသည်။

ကိရိယာများထည့်ရန် သေတ္တာ
ခြေနင်း အနားတွင်တည်ရှိသောကြောင့် အလွယ်တကူ အသုံးပြုနိုင်ပါသည်။

ROPS
ခေါက်သိမ်းနိုင်သည့် အမိုးကို စံချိန်စံညွှန်းနှင့်အညီ ပါရှိပါသည်။

GPS စနှစ်ကြောင့် စက်၏တည်နေရာ ဘယ်နေရာမှာရှိတယ် အခြားအာရုံခံစနှစ်တွေ ကြောင့်စက်ဘာဖြစ်နေတယ်ဆိုတာတွေ ဘယ်နေရာမှာ အလုပ်လုပ်နေတယ်ဆိုတာတွေကို အတိကျသိရှိနိုင်ပါသည်။ စက်ပျက်ယွင်းမှုများ နှင့် မလိုလားအပ်သော အမှားယွင်းများကို လျှော့ချပေးနိုင်ခြင်းကြောင့် အပိုငွေကုန်နိုင်မှုများ မရှိနိုင်တော့ပါ။

စက်အဖုံး
အပူဒဏ်ခံ စက်အဖုံးအား ၈၀ ဒီဂရီအထိ လွယ်ကူစွာ ဖွင့်နိုင်ပိတ်နိုင်ပါသည်။

အမဲဆီ ထိုးရန်နေရာ
အမဲဆီ ထိုးရန်နေရာများသည် သင့်တော်လွယ်ကူသည့် နေရာများတွင် တည်ရှိခြင်းကြောင့် လိုအပ်သည့် အချိန်များတွင် လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။

ဆီ ရေစစ်
အင်ဂျင်အတွင်းသို့ ရေနှင့် အညစ်အကြေးများဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။

ယန်းမာ၏ စစ်မှန်သော အပိုပစ္စည်းများသည် သင့်စက်၏သက်တမ်းနှင့် စွမ်းဆောင်ရည်ကို ပိုမိုရှည်ကြာစေမှာဖြစ်ပါတယ်။

သာမာန်ထက်ပိုအသုံးခံသော ဂီယာဆီ TF500T
နာရီ ၆၀၀ အထိ အသုံးခံသောကြောင့် ဆီလဲလှယ်ရသည့် အချိန် နှင့် ငွေကုန် သက်သာစေပါတယ်။

ရှေ့ဝိတ်တုံး (1A8253-10300)
ရှေ့ဝိတ်ချိတ်ရန်ကြားခံတုံး (1A8253-10200) ၃၀ ကီလိုဂရမ်ရှိသော ဝိတ်တုံး ၅ တုံးအထိ ချိတ်ဆက်နိုင်ပါသည်

နောက်ထယ်ရေးကြည့်မီး (1A8253-54100)
ညဘက်မောင်းနှင်သည့်အချိန်တွင် နောက်တွင်ရှိသော ထယ်ရေးနှင့်အခြားအရာများကို လွယ်ကူစွာကြည့်နိုင်ပါသည်။

ထွန်စက် အမိုးကိုင်းပေါ်တွင် LED မီးသီး (1A8253-54910)
ကို တပ်ဆင်ထားသောကြောင့် မိမိလိုချင်တော နေရာသို့ (ရှေ့/နောက်/ဘယ်/ညာ) မီးအလင်းရောင်ဖြင့် ကြည့်နိုင်မှာ ဖြစ်ပါသည်။

မြေမွစက်
မြေမွခြင်း၊ မြေချေခြင်း၊ မြေညှိခြင်း၊

ထွန်ခုံ
မြေလှန်ခြင်း ၊ မြေမွခြင်း ၊ မြေညှိခြင်း ၊

ထယ်ခုံ
မြေလှန်ခြင်း

ရှေ့ဂေါ်
မြေယာဖေါ်ခြင်း ၊ မြေတွန်းညှိခြင်း
မော်ဒယ် | YM358R | |||
---|---|---|---|---|
အင်ဂျင် | အမှတ်အသား | YANMAR | ||
မော်ဒယ် | 4TNV98S | |||
အမျိုးအစား | လေးလုံးထိုး ရေအေး၊ တိုက်ရိုက်ဆီဖျန်းစနစ်၊ ရေအေးအင်ဂျင် | |||
ဆလင်ဒါ အရေအတွက် | 4 | |||
ဆလင်ဒါ အချင်း [မီလီမီတာ] | 98 x 110 | |||
ဆလင်ဒါ ထုထည် [လီတာ] | 3.319 | |||
မြင်းကောင်ရေ [kW (PS) / rpm] | 57.6/56.9 (42.4) | |||
ဆီလှောင်ကန် [လီတာ] | 50 | |||
အတိုင်းအတာများ ( အလျား x အနံ x အမြင့် ) | Overall Length [mm] | 3380 | ||
စက်အလျား [မီလီမီတာ] | 1670 | |||
စက်အမြင့် [မီလီမီတာ] | 2390 (2480) | |||
ဘီးအကွာအဝေး [မီလီမီတာ] | 1970 | |||
မြေပြင်ကင်းလွတ် အမြင့် [မီလီမီတာ] | 425 | |||
ဘီးအကွာအဝေး ရှေ့[မီလီမီတာ] | 1264 (Standard)/1404 | |||
ဘီးအကွာအဝေး နောက်[မီလီမီတာ] | 1225/1338 (Standard) /1406/1520 | |||
အလေးချိန် [ကီလိုဂရမ်] | 1850 | |||
မောင်းနှင်််််််််မှုစနစ် | တာယာ ရှေ့ [inch] | 8-18 | ||
တာယာ နောက် [inch] | 13.6-28H | |||
ကလပ် | အခြေခြောက် အမျိုးအစား၊ တစ်ထပ်တည်း | |||
ဘရိတ် | ဆီစိမ်ဘရိတ် | |||
စတီယာရင် | ပါဝါစတီယာရင် | |||
ပင်မဂီယာ | စင်ခရိုမက်ရှ် | |||
နောက်ဂီယာ | စံ | |||
ဂီယာအရေအတွက် | ရှေ့ ၈ ချက်၊ နောက် ၈ ချက် | |||
အမြန်နှုန်း ရှေ့သို့ [km/hr] | 2.7-30.8 | |||
အမြန်နှုန်း နောက်သို့ [km/hr] | 2.7-30.8 | |||
ဟိုက်ဒရောလစ်စနစ် | လိုက်ပါပစ္စည်း ထိန်းချုပ်မှုစနစ် | ပုံစံစနစ် ထိန်းချုပ်မှုစနစ် | ||
နေရာချထားမှုနှင့် ဆွဲအားထိန်းချုပ်မှု * အပေါက်အရွယ်အစားအမျိုးအစား |
Category 1 | |||
အနိမ့်ဆုံးချိတ်ဆက်တံ အဆုံး မှ [kN (kgf)] | 14.2 (1450) | |||
နောက် ၂၄ လက်မနေရာတွင်မတင်နိုင်စွမ်း [kN (kgf)] | 12.2 (1250) | |||
စွမ်းအင်ထုတ်ယူသုံးစွဲခြင်း (PTO) | အမျိုးအစား | သီးသန့် | ||
ရှပ် အရွယ်အစား | SAE 1-3/8, 6-Splines | |||
ဂီယာ ၁ [PTO အမြန်နှုန်း / အင်ဂျင် RPM] | 540/2096 | |||
ဂီယာ ၂ [PTO အမြန်နှုန်း / အင်ဂျင် RPM] | 750/2092 |