
Yanmar - Y2000RH
Yanmar - Y2000RH မြေမွစက်
အဓိကအင်္ဂါရပ်များ

YM ထွန်စက် နှင့် အလိုက်ဖက်ဆုံး ပုံစံသစ် မြေမွစက်၊ အလေးချိန်ပေါ့ပါးသော မြေမွှစက်ကြောင့် လုပ်ငန်းခွင်လျှင်မြန်စွာပြီးမြောက်စေပြီး ပြန့်ပြူးသော မြေမြက်နှာပြင်နှင့် အကြမ်းခံမှုကို ရရှိစေမှာပါ။ လယ်ကွင်း ယာကွင်းမရွေး ထွန်ယက်နှိုင်ခြင်း၊ လုပ်ငန်းခွင်အမြန်ဆုံးပြီးမြောက်စေခြင်း နှင့် မလိုလားအပ်သော စွမ်းအင်ဆုံးရှုံးမှုများ ကိုလျော့နည်းစေသည့် ဓားသွားများကြောင့် ဆီစားနှုန်းသက်သာခြင်း၊ ပုံစံသစ်မြေမွစက် နောက်အဖုံးကြောင့် ထယ်ရေးပိုမိုလှပစွာပြီးမြောက်စေခြင်း။

ယန်းမာလယ်ထွန်စက် YM351A/YM357A နှင့်အကောင်းဆုံးလက်တွဲဖော် ။စက်နှင့် နောက်တွဲကို အလေးချိန်ဟန်ချက်ညီစာပြုလုပ် ထားခြင်းကြောင့် လုပ်ငန်းများကို အဆင်ပြေစွာ လုပ်ဆောင်နှိုင်မည် ဖြစ်ပါသည် ပေါ့ပါးကောင်းမွန်သော ဒီဇိုင်းကြောင့် ရွှံနွံထူထပ်သည့် ကွင်းမျိုးမှာတောင်ပေါ့ပေါ့ပါးပါး အလုပ်လုပ်ကိုင်နှိုင်မှာ ဖြစ်ပါတယ်

ကောင်းမွန်သည့် ( C ) ပုံစံဓားသွား ဒီဇိုင်းကြောင့်လုပ်ငန်းလုပ်ဆောင်ရာတွင် စက်သံပြောင်းလဲခြင်းမရှိဘဲ ညှင်သာစွာ ပြီးမြောင်စေမည်ဖြစ်သည့်အပြင် လယ်ကွင်း ယာကွင်းမရွေး ကောင်းမွန်စွာလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်

အကြမ်းခံရေရှည် အသုံးပြုနိုင်သည့် အရည်အသွေးမြင့် ဂီယာဘောက်အမျိုးအစားနှင့် ချိန်းကြိုးအမျိုးအစား သုံးထားပြီး မြင်းကောင်ရေ ၅၇ ကောင်နှင့် တွဲဖက်အသုံးပြုနိုင်သည့် ၆ပေ အကျယ် မြေမွစက်ဖြစ်ပါသည်

အခြားမြေမွစက်များထက် နောက်ဖုံးကို ပိုမို ရှည်ထားပါသည်။ အဆို ပါနောက်အဖုံးသည် မြေပြင်ကို ပို မိုထိတွေ့စေသည့်အတွက် မြေမျက်နှာပြင်ပိုမိုညီညာစေပြီး ထယ်ရေးကို ညီညာလှပစွာ ပြီးမြောက်စေမှာပါ။

ထယ်ရေးလိုအပ်သလို အဆင့်၄ဆင့်မှ ၅ဆင့်အထိ ချိန်ညှိနိုင်သည့် အတွက် လိုအပ်သောထယ်ရေးအနက် ကိုရရှိစေမှာပါ။

ပိုမိုကျယ်ပြန့်သော အကွာ အဝေးဆိုသည်မှာ မြေမွစက်ဓားသွားနှင့် နောက်အဖုံးကြား အကွာအဝေးကိုဆိုလိုပါသည်။အဆိုပါကောင်းမွန်သည့်အကွာ အဝေးကြောင့် မြေကြီးများကပ်၍မနေပဲ အလွယ်တကူဖြစ်စေပါသည်။ထို့ကြောင့် စက်၏စွမ်းရည် ဆုံးရှုံးမှု မရှိစေပဲ ဆီစားနှုန်း သက်သက်သာသာနှင့် အလျှင်မြန်ဆုံးလုပ်ဆောင်နိုင်မှာပါ
အချက်အလက် | Y1900RH | Y2000RH |
---|---|---|
အလျား x အနံ x အမြင့် (ပေ) | 2,071 x 952 x 1,026 | 2,171 x 952 x 1,026 |
အလေးချိန် (တန်) | 335 | 345 |
ထွန်ယက်နှိုင်သည့် အကျယ် (ပေ) | 1,870 | 1,970 |
မောင်းနှင်မှုပုံစံ | ဘေးဘက်မောင်းနှင်မှု | |
ဓားသွားပုံစံ | အယ် နှင့် စီ ပုံစံ အရော | |
ဓားသွားအရေအတွက် | 54 | 60 |
ချိတ်ဆက်မှု အဆင့် | SAE #1 | |
မြင်းကောင်ရေ | 45 - 57 | 57 |