
Yanmar - Y2000SDU-4
Yanmar - Y2000SDU-4 - ပြောင်းအစေ့ချစက်
အဓိကအင်္ဂါရပ်များ

ပြောင်းအစေ့ချခြင်းအတွက် လုပ်သားအင်အားလျော့ချနိုင်ခြင်းနှင့်ကုန်ကျစရိတ်သက်သာခြင်း၊ စိုက်ပျိုးခြင်း x ဘောင်ဖော်ခြင်း x မျိုးစေ့ချခြင်း x မြေဆီထည့်ခြင်း x မျိုးစေ့မြေပြန်ဖုံးခြင်း တို့ကို တစ်ကြိမ်တည်းဖြင့် မျိုးစုံပြုလုပ်နှိုင်ခြင်း၊ မြေမွစက်ဖြင့်မြေပြင်ခြင်းသည်မြေကြီးမှရေ ငွေ့ပျံနှုန်းလျော့ကျစေခြင်းနှင့် အပင်ပေါက်အားပိုမိုကောင်းမွန်ခြင်း၊ မြေမွစက်ဖြင့်မြေပြင်ခြင်း ၊ အစေ့ချခြင်း၊ မြေဆီထည့်ခြင်းတို့ကို တစ်ကြိမ်တည်းဖြင့် ပြီးမြောက်စေခြင်း၊ ပျိုးပင်များကောင်းမွန်စွာ ကြီးထွားနိုင်ရန် မြေအစိုဓါတ်ထိန်းပေးခြင်း နှင့် အပင်ပေါက်နှုန်းညီညာစေခြင်း၊ မျိုးစေ့ချအနက်ညီညာသည့် အတွက် အပင်ကြီးထွားမှု တူညီနိုင်ခြင်း

အစေ့ချစက်ကို ထွန်စက်၏နောက်တွဲ မြေမွစက်တွင်တပ်ဆင်ထားသောကြောင့်မထွန် (ထယ်)ရသောမြေမှာပင်လျှင် တစ်ကြိမ်တည်းဖြင့်ပြီးမြောက်စေပါသည်။ စိုက်သည့်ပုံစံကိုလည်း လိုအပ်သလို အမျိုးမျိုး ရွေးချယ်စိုက်ပျိုးနိုင်ပါသည်။ ( မြေအပြန့် ပုံစံ စိုက်ခြင်း၊မြောင်းဖော် စိုက်ခြင်း၊ ဘောင်ဖော်စိုက်ခြင်း) တစ်ကြိမ်တည်းဖြင့် မြေမွခြင်း(မြေစာခဲကြီးများချေခြင်း)၊ မျိုးစေ့ချခြင်း ၊မြေဆီထည့်ခြင်း၊ မျိုးစေ့မြေပြန်ဖုံးခြင်း တို့ပြီးမြောက်စေပါတယ်

မြေဆီလွှာကို မြေမွစက်ဖြင့် မြေထွန်ယက်ခြင်းသည် မြေ အစိုဓါတ်ကို ထိန်းသိမ်းပေးပြီး မျိုးစေ့များကောင်းမွန်စွာ ကြီးထွားနိုင်သော သဘာဝ အခြေအနေ တစ်ရပ်ဖြစ်ပေါ်စေ ပါသည် မြေအစိုဓါတ် ထိန်းသိမ်းမှုမှာ မြေမွစက်နောက် အဖုံးဖြင့် ခြေမွပြီးသောမြေခဲများ ကို ပြန်လည်ညှိပေးပြီး မျိုးစေ့များ ကောင်းမွန်စွာ ကြီးထွားစေပါသည်

ဘောင်ဖော်တိုင်များကို ချိန်ညှိခြင်းအားဖြင့် လိုအပ်သော ဘောင်အနိမ့်အမြင့်ကို ရရှိနိုင်ပါသည်။ မျိုးစေ့ချအနက်ကိုလည်း လိုအပ်သလို ဘေးနှစ်ဖက်တွင်ရှိသော ထောက်တိုင်နှစ်ခုဖြင့် လိုအပ်သလို ချိန်ညှိနိုင်သည့် အတွက် မျိုးစေ့များ ကောင်းမွန်စွာ ကြီးထွားနိုင်ပါသည်

ကောင်းမွန်စွာ ပြုလုပ်ထားသည့် မျိုးစေ့ချသည့် ပလိပ်ပြားကြောင့် မျိုးစေ့များကို တစ်စေ့ချင်း စိုက်ပျိုးနိုင်သည် ။ မျိုးစေ့ အကွာဝေးကိုလည်း ပင်နယံများ ကိုပြောင်းလဲပြီး ချိန်ညှိနိုင်ပါသည်

မြင်းကောင်ရေ ၅၁ မှ မြင်းကောင်ရေ ၇၂ ကောင် အထိရွေးချယ်ပြီး မျိုးစေ့ချတန်း ( လိုင်း ) များကို အကွာအဝေး အလိုက်ရွေးချယ်လိုက်ပါ မျိုးစေ့ အကွာအဝေး (တစ်စေ့ နှင့် တစ်စေ့ ) ကိုလည်း ချိန်ညှိနိုင်ပါသည် မြေအနက်ကိုလည်း ဘောင်ဖော်တိုင် များကို ချိန်ညှိပြီး ၆လက္မ မှ ၈ လက္မ အထိလိုအပ်သလို ချိန်ညှိနိုင်ပါသည်

မျိုးစေ့ချသည့် ပိုက် အကြည် မြေဆီထည့်သည့် တိုင်ကီ(ကန်) ကိုအရည် အသွေးကောင်းမွန်သော သံဖြင့်ပြုလုပ်ထားပါသည် ကျန်ရှိသော မျိုးစေ့နှင့် မြေဆီ ပမာဏကိုလည်း အဖုံးဖွင့် စရာမလိုဘဲ အလွယ်တကူ စစ်ဆေးနိုင်သည် မြေဆီ ပမာဏကိုလည်း လိုအပ်သလို အလွယ်တကူ ချိန်ညှိနိုင် ပါသည် လိုအပ်သလို တိကျစွာ မြေဆီထည့်နိုင်သည့် အတွက် အပင်ကြီးထွားမှုကောင်းစေပြီး မြေဆီဆုံးရှုံး မှုမဖြစ်ပေါ်စေပါ
အမျိုးအစား | Y2000SDU-4 |
---|---|
အရွယ်အစား | 4 Row |
စိုက်ပျိုးနိုင်သည့် အနက်(လက်မ) | 100 - 150 |
လုပ်ဆောင်နိုင်သည့် အမြန်နှုန်း ( ကီလိုမီတာ/နာရီ) | 4 |
မျိုးစေ့ထည့်ကန် ဝင်ဆံ့သည့် ပမာဏ (ကီလိုဂရမ်) | 7 kg x 4 |
မြေဆီ ထည့်ကန် ဝင်ဆံ့သည့် ပမာဏ (ကီလိုဂရမ်) | 20 kg x 2 |
မြေဆီကုန်ကျမှုနှုန်း ( ကီလိုဂရမ်/ဟတ်တာ) | 125 |
မျိုးစေ့ အကွာအဝေး (လက်မ) | 200 - 250 |
တန်းကြား အကွာအဝေး (လက်မ) | 600 - 700 |
အလေးချိန် (တန်) | 250 |
ချိတ်ဆက်မှု အဆင့် | SAE #1 |
မြင်းကောင်ရေ | 55 - 75 |