YH700 / YH850 - Combine Harvester

YH700 / YH850 - Combine Harvester

YH700 / YH850 - ရိတ်သိမ်းခြွေလှေ့စက်

Category
Combine Harvester
Brand
Yanmar
Main Features
၁။ Maru လက်ကိုင်ကိုပြောင်းလဲ အသုံးပြုခြင်း

ရိုးရှင်းသည့် Maru လက်ကိုင် လှည့်အားဖြင့် Crawler နှစ်ဖက်လုံးကို ထိန်းချုပ်နိုင်ခြင်းသည် Yanmar ၏မူလနည်းစနစ်ဖြစ်ပါသည်။အလွယ်တကူ ကွေ့ရလွယ်ကူသည့် Maru လက်ကိုင်ကို ရိတ်ခြွေစက်တွင် ပြောင်းလဲ အသုံးပြူခြင်းဖြင့် သင့်ရဲ့ရိတ်သိမ်းသည့် အလုပ်ပိုမိုလျင်မြန်ပြီးမြောက်မည်ဟု ဆိုလိုပါသည်။

၂။ စွမ်းအင်အပြည့် အသုံးပြုနိုင်ခြင်း ၊ ဆီစားသက်သာခြင်း

ဆလင်ဒါလေးလုံး စုစုပေါင်းထုထည် (၃၃၁၈) စီစီပမာဏနှင့် မြင်းကောင်ရေ (၈၅) ကောင် ရှိသော ဒီဇယ်အင်ဂျင်တပ်ဆင် ထားသောကြောင့် အမြင့်ဆုံးပါဝါနှင့် အကောင်းဆုံးဆလင်ဒါအတွင်း မီးလောင်ပေါက်ကွဲနိုင်မှု စွမ်းရည်ရှိသည်။ဒီဇယ်ဆီစားနှုန်းသက်သာစေသော တိုက်ရိုက်ဒီဇယ် ဆီအင်ဂျက်ရှင်းစနစ်ကို အသုံးပြုထားသည်။

၃။ ဂီယာဘောက် ဒီဇိုင်းအသစ်

ပျက်စီးလွယ် အစိတ်အပိုင်းများအား အသုံးပြုထားခြင်းမရှိသောကြောင့် မလိုလားအပ်သော ကုန်ကျမှုများ နည်းသွားစေခြင်း

၄။ ဆီသိုလှောင်ကန်

ဒီဇယ်ဆီတိုင်ကီ သိုလှောင်နိုင်မှုပမာဏသည် ၁၁၅ လီတာ သိုလှောင်နိုင် သောကြောင့် တစ်နေ့တာအလုပ်ုလပ်နေစဉ်အတွင်း ဆီထပ်မံဖြည့်ရန် မလိုအပ်ပါ။

၅။ မြေပြင်ကင်းလွတ်ခွင့် 460 mm

အလုပ်လုပ်နေစဉ်တွင် ဂီယာဘောက်ကို ရိုးပြတ်များနှင့် ကောင်းစွာကင်းလွတ်နိုင်ရုံသာမက မြေပြင်မှလည်း လုံလောက်သောအကွာအဝေး လွတ်ကင်းသည့်အတွက် လယ်ကွက်တစ်ကွက်နှင့်တစ်ကွက် ပြောင်းရွှေ့ရိတ်သိမ်းရာတွင်လည်း မပြောင်းလဲသော လုပ်ဆောင်မှုကို ရရှိမည် ဖြစ်သည်။

၆။ လွယ်ကူစွာ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း

စပါးခြွေလှေ့ခန်းအဖုံးများအား လွယ်ကူစွာဖွင့်ပြီး ပြုပြင် ထိန်းသိမ်းနိုင်သည်။

၇။ ကြီးမားသော စပါးနှံသိုလှောင်ကန်

သီးနှံသိုလှောင်ကန်မှာ ၁၆၇၀ လီတာ ထုထည်ပမာဏရှိသဖြင့် သီးနှံရိတ်သိမ်းခြွေလှေ့ချိန်ကို ကြာရှည်စွာဆက်တိုက် စောင်ရွက်နိုင်ပါသည်။

၈။ GPS စနစ်သုံး ဝန်ဆောင်မှုအားစက်များတွင် တပ်ဆင်ပေးထားခြင်း

Smart Assist Remote (GPS) တပ်ဆင်ထားခြင်းကြောင့် စက်၏အလုပ်လုပ်ဆောင်ပုံ၊ ပျက်စီးမှုများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ပြီး အခြေအနေအပေါ် မူတည်ပြီး ပျက်စီးမှုများကို တိကျစွာပြင်ဆင်နိုင်ခြင်း၊ မလိုလားအပ်သည့် ထိခိုက်စေမှု ၊ ခိုးယူမှုများကို ဖုန်း (သို့မဟုတ်) အီးမေးဖြင့် အလွယ်တကူအသိပေးနိုင်ခြင်း။