စိမ်းရောင်စို ကုမ္ပဏီလီမီတက်သည် ၁၉၈၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် လုပ်ကိုင်လာခဲ့သော ၀၀၇ ကုမ္ပဏီလီမီတက်၏ တိုးချဲ့မှုအဖြစ် တည်ထောင်ခဲ့ပါသည်။ နှစ်ပေါင်းသုံးဆယ်ကျော် အတွေ့အကြုံဖြင့် မြန်မာစျေးကွက်တွင် လယ်ယာသုံးစက်ပစ္စည်းများကို ဦးဆောင်ရောင်းချသူများထဲမှတစ်ဦးဖြစ်လာခဲ့ပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်မှုများသည် ဖြန့်ဖြူးခြင်း၊ လက်လီ၊ လက်ကားရောင်းချခြင်း နှင့် ရောင်းချပြီးနောက်ပိုင်း ဆားဗစ်ဝန်ဆောင်နှင့် အပိုပစ္စည်းများကို တစ်နိုင်ငံလုံးဖြန့်ဖြူး ရောင်းချပေးလျှက်ရှိပါသည်
စစ်မှန်၍ အရည်အသွေးမြင့် စိုက်ပျိုးရေးစက်ပစ္စည်းများကို သင့်တော်သော စျေးနှုန်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပံ့ပိုးပေးရန်နှင့် ရောင်းချပြီးနောက် ပြီးပြည့်စုံသော ဝန်ဆောင်မှုနှင့်အပိုပစ္စည်းများအား မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအား ပံ့ပိုးကူညီရန်ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် အောက်ပါလယ်ယာသုံးစက်ပစ္စည်းများအား အထူးပြု ဖြန့်ဖြူးပေးလျှက်ရှိပါသည်။





ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် Zhejiang Sifang နှင့် Action Construction Equipment Ltd. (ACE) တို့၏ တစ်ခုတည်းသော ဖြန့်ဖြူးသူအဖြစ် ဂုဏ်ယူစွာ ဆောင်ရွက်လျက်ရှိပြီး Yanmar ထွန်စက်များနှင့် ရိတ်စက်များ၏ အဓိကဖြန့်ဖြူးသူလည်းဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ဖောက်သည်များအား အကောင်းဆုံးတန်ဖိုး၊ ကျွမ်းကျင်သော အကြံပေးမှုနှင့် ဆက်လက်ပံ့ပိုးကူညီမှုတို့ကို ပေးအပ်ရန် ကတိပြုပြီး သူတို့၏ ရင်းနှီးမြှုပ်နှံမှုမှ အများဆုံး အကျိုးအမြတ်ရရှိစေရန် သေချာစေပါသည်။
စိမ်းရောင်စို ကုမ္ပဏီလီမီတက်သည် မြန်မာ့လယ်ယာလုပ်ငန်းအသိုင်းအဝိုင်းများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ပံ့ပိုးကူညီမှုစနစ်များကို မြှင့်တင်ရန် နည်းလမ်းအသစ်များကို စဉ်ဆက်မပြတ် ရှာဖွေလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ယုံကြည်မှု၊ စွမ်းဆောင်ရည်နှင့် အတူပူးပေါင်းအောင်မြင်မှုတို့အပေါ် အခြေခံသော ရေရှည်ဆက်ဆံရေးများ တည်ဆောက်ရန်ဖြစ်ပါသည်။